အသက် ၇ နှစ်နဲ့ ပုလင်းခွံတွေ သိမ်းကာ ကုမ္ပဏီ ထောင်နိုင်ခဲ့သူလေး (ရုပ်သံ)
အသက် ၇ နှစ်နဲ့ ပုလင်းခွံတွေ သိမ်းကာ ကုမ္ပဏီ ထောင်နိုင်ခဲ့သူလေး (ရုပ်သံ)
အသက် ၇ နှစ်နဲ့ ပုလင်းခွံတွေ သိမ်းကာ ကုမ္ပဏီ ထောင်နိုင်ခဲ့သူလေး
စီးပွားရေးလုပ်ငန်း တစ်ခုကို စလုပ်ဖို့ စောလွန်းတယ် ဆိုတာ မရှိဘူး ဆိုတာကို ၇ နှစ် အရွယ် ကလေးငယ်လေးက သက်သေပြခဲ့ ပါတယ် ။ သူကတော့ အမေရိကန် ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ အသက် ၇ နှစ် အရွယ် ကလေးငယ် Ryan Hickman ပဲ ဖြစ်ပါတယ် ။ နာမည်ကျော် အစီအစဉ်တင်ဆက်သူ Ellen က သူ့ရဲ့ “ The Ellen DeGeneres Show ” မှာ ဒီကလေးငယ်ရဲ့ အစီအစဉ်ကို တင်ဆက်ခဲ့ပါသေးတယ် ။
သူ အသက် ၃ နှစ်ခွဲ အရွယ်မှာ ကယ်လီဖိုးနီးယားက rePlanet အမှိုက်သိမ်း စင်တာကို သွားလည်ရင်း ဒီ ဘူးခွံ ပုလင်းခွံသိမ်းဖို့ ဆိုတဲ့ အကြံကို ရခဲ့တာပါ ။ ၃ နှစ်ခွဲ ဆိုတာ ငယ်လွန်းတဲ့ အရွယ်ဖြစ်ပေမယ့် သူ့ရဲ့မိဘတွေက ခွင့်ပြုခဲ့ ပါတယ် ။ နောက်တစ်နေ့ မှာတော့ သူ့ရဲ့လုပ်ငန်းစတင် ဖွင့်လှစ်ကြောင်း တစ်လမ်းလုံးကို ကြေငြာပြီး အိမ်နီးနားခြင်း တွေရဲ့ ဘူးခွံ ပုလင်းခွံတွေကို နိုင်သလောက် လိုက်ကောက် ပါတော့တယ်။ လမ်းလျှောက်ပြီးတော့ ဖြစ်ဖြစ် ၊ သူ့ရဲ့ စက်ဘီးလေးကို စီးပြီးတော့ပဲ ဖြစ်ဖြစ် လိုက်သိမ်း တာပါ။

Comments
Post a Comment